Read more

 

ချင်းပြည်နယ် ​မြောက်ဖက်အစွန်းပိုင်းက ​စော်ဘွားမြို့​လေး
Welcome To Tonzang

တွန်းဇံမြို့ဆိုတာ ချင်းပြည်နယ် မြို့နယ် ၉ မြို့နယ် ထဲက မြို့ငယ်လေးတစ်မြို့ဖြစ်ပါတယ် မြို့နယ် လူဦးရေ ၃ သောင်းခန့်ရှိကာ မြို့ပေါ်အိမ်ခြေက တစ်ထောင်ခန့်ရှိသော မြို့ငယ်လေးဖြစ်ပါတယ်။ အရင်က တီးတိန်နယ် တွန်းဇံနယ်များကို အုပ်ချုပ်သော စော်ဘွားကြီး နေခဲ့သော မြို့လည်းဖြစ်ပါတယ်။

တွန်းဇံမြို့ရောက်ရင် ဘယ်နေရာတွေ အလည်သွားရမလဲ?

(၁) ကြိုဆိုပါ၏


ကလေးမြို့ တီးတိန်မြို့ကနေ လာလို့ရှိရင် မြို့ဝင်ကြိုဆိုပါ၏ ထည်ထည်ဝါဝါကြီးတည်ရှိပြီး ခရီးသွားများနားခိုရန် ဇရပ်ငယ်လေးတစ်ခုရှိပါတယ်။ အဲနေရာမှာ အမှတ်တရဓာတ်ပုံ အဝ ရိုက်လို့ရပါတယ်။ (ပုံ- ၁)t1.jpg (680×669) (bp.blogspot.com)

(၂) သမိုင်းဝင်ကျောက်စာများ

မြို့ထဲအဝင် မြို့တွင်း မရောက်ခင်လမ်းဘေးနားမှာ သမိုင်းဝင် ကျောက်စာကြီးများတွေ့မြင်ရမှာ ဖြစ်ပါ တယ်။ အဲမှာ တွန်းဇံစော်ဘွားကြီးရဲ့သမိုင်းနဲ့ တွန်းဇံမြို့သမိုင်းနဲ့ ဒေသခံတွေရဲ့ သမိုင်းကို လေ့လာလို့ရမှာဖြစ်ပါတယ်။ (ပုံ-၂)


(၃)တည်းခိုရန်

မြို့ထဲရောက်ရင် တည်းခိုရန်အတွက် ဇိုဂမ် တည်းခိုခန်း ရှိပါတယ်။ အဲမှာ တည်းခစျေးချိုချိုနဲ့ တည်းလို့ရမှာဖြစ်ပါတယ်။ တည်းခိုခန်းက စားသောက်ဆိုင်နဲ့တွဲထားတာဖြစ်လို့ တစ်ခြားနေရာ တစ်ကူးတစ်က သွားစရာမလိုပဲ စားစရာ သောက်စရာ အသင့်ရရှိနိုင်မှာဖြစ်ပါတယ်။ (ပုံ-၃)


 

(၄) ရှုခင်းနဲ့ လက်ဝါးကားတိုင်

မြို့ကိုအပေါ်စီးကနေမြင်တွေ့လို့လည်းရမယ် အေးအေးချမ်းချမ်း သာသာယာယာလေး ဆုတောင်းရင်း ရှုခင်းကောင်းကောင်း လေးတွေ ခံစားချင်ရင်တော့ မြို့ ရဲ့အပေါ်ပိုင်း တောင်ထိပ်မှာ လက်ဝါးကားတိုင် အကြီးကြီး ထည်ထည်ဝါဝါ တည်ရှိပါတယ်။ အဲဒီ လက်ဝါးကားတိုင် မှာလည်း ထူးခြားအံ့သြစရာ ရာဇဝင်တွင်ရှိပါသေးတယ်။ (ပုံ-၄)

(၅) မြစ်နာဘေးမှာ ခေါင်ရည်ချိုချိုသောက်ရန်

တွန်ဇံမြို့မှ ၅ မိုင်လောက်သာရှိသော မဏိပူရမြစ်နာဘေးရှိ နတ်ဇန်ရွာမှာ ခေါင်ရည်အိုး အကြီးအသေး ကိုယ်နိုင်သလောက် ဝယ်သောက် လို့ရပါတယ်။ မြစ်နာဘေးမှာ ခေါင်ရည်ချိုချိုနဲ့ ရေကူးလိုက် ခေါင်ရည်သောက် လိုက် ပျော်မြူးလို့ ရသလို ကြိုးတံတားများပေါ်မှာ အမှတ်တရဓာတ်တွေလည်း ရိုက်လို့ရသေးတယ်နော်။ (ပုံ-၅)

(၆) လှိုင်ဂူထဲဝင်ချင်လား

တွန်းဇံမြို့မှ ၅ မိုင်လောက်သာရှိသော ဖိုင်တူရွာအနီးနားမှာ လှိုင်ဂူအသေးလေးတွေ ရှိပါသေးတယ်နော်။ (ပုံ-၆)

(၇) ကျောက်နီပြား အိမ်ခေါင်မိုးများ

တွန်းဇံမြို့မှ ၉ မိုင်လောက်သာရှိသော ဆာလ်ဇန်ရွာ မှာ မြန်မာပြည်သာမက ကမ္ဘာမှာပါရှားပါးသော ကျောက်နီးပြားများ အများကြီးထွက်ရှိတာ ဖြစ်ပါ တယ်။ ကျောက်နီပြားများကို အိမ်ခေါင်မိုး အဖြစ် သော်လည်းကောင်း ကျောက်စာများထွင်းဖို့ရန် သော်လည်းကောင်း အသုံးပြုကြပါသည်။ (ပုံ-၇)

တွန်းဇံမြို့ရောက်ရင် အပေါ်က (၇) နေရာကို အလည်သွားဖို့မမေ့ကြနဲ့နော်

By- Lingkang